ကျွန်တော်တို့ KIO အဖွဲ့အစည်းအတွင်း
ဆလန်ကဘားလို့ခေါ်တဲ့ မြို့ပြအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒူဝါက ဘားလို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ဆိုပြီး
၂ ပိုင်းခွဲခြားထားပါတယ်။ ဆလန်ကဘားအဖွဲ့ကိုတော့ KIO လို့ လူသိများပြီး၊ ဒူဝါကဘားအဖွဲ့ကိုတော့
KIA လို့ သိကြပါတယ်။ KIO ဖွဲ့စည်းပုံအရ KIAအဖွဲ့ဟာ KIO ရဲ့ အဖွဲ့ခွဲတစ်ခု သာဖြစ်ပေမယ့်
လက်ရှိအခြေအနေမှာ KIO လူကြီးတွေအားလုံးဟာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့
အမိန့်အောက်မှာသာ လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဂမ်ရှောင်ဟာ ခုအချိန်မှာ
KIO လူကြီးတွေ အားလုံးရဲ့အိမ်မှာ အစောင့်တွေချထားပေးပေ မယ့် ဒီအစောင့်တွေကို KIA ရဲ့အမိန့်နဲ့ပဲ
လှုပ်ရှားစေပါတယ်။ လူကြီးတွေရဲ့ သက်တော်စောင့်ဆိုပေမယ့် အစောင့်တွေအားလုံးသည် KIA အဖွဲ့မှ
စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဂမ်ရှောင်ရဲ့လူတွေချည်း သာဖြစ်ပါတယ်။ KIO လူကြီးတွေကို သက်တော်စောင့်ပေးထားသလိုနဲ့
အကျယ်ချုပ်ချထားတာဖြစ်ပါတယ်။ KIO လူကြီးတွေ ကလည်း နားလည်ပေမယ့် လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့နဲ့
ထိပ်တိုက်မရင်ဆိုင်နိုင်လို့ ငြိမ်နေကြတာပဲ ဖြစ်ပါတယ်။ စစ်ပွဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေ
ထိခိုက်ရပေမယ့် ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ ဗိုလ်ချုပ် S. ဂွမ်မော်တို့ရဲ့ သစ်လုပ်ငန်း၊
ကျောက်စိမ်းလုပ်ငန်းတွေကတော့ ရပ်တန့်ခြင်းမရှိပါဘူး။ လုပ်ကွက်နေရာတွေမှာ KIA တပ်တွေကို
ဖြန့်ချထားပြီး လုပ်ငန်းမပျက်ဆက်လက်လုပ်ကိုင်နေကြ တာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲမှာ ဗိုလ်ချုပ်ဂမ်ရှောင်နဲ့
ဗိုလ်ချုပ် ဂွမ်မော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ကျောက်စိမ်းကုမ္ပဏီနဲ့
ဟော်တယ်လုပ်ငန်းတွေ အများအပြားရှိနေပြီး သားသမီးတွေက အနောက် နိုင်ငံတွေမှာ ကျောင်းသွားတတ်နေကြပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ဟာ မိန်းမလိုက်စားသူ တစ်ယောက် ဖြစ်ပြီး လိုင်ဇာမှာ တော်တော်လေး နာမည်ကြီးပါတယ်။
ကောင်မလေးတစ်ယောက်ကို ဖျက်ဆီးပြီး လိုင်ဇာမှာ ကွန်ပျူတာဆိုင်လေး ဖွင့်ပေးထားပါတယ်။
နောက်ပိုင်း ကောင်မလေးကိုယ်ဝန်ရ လာတော့ဖျက်ချခိုင်းတာကောင်မလေး ပါသေသွားတဲ့သတင်းက လိုင်ဇာတစ်မြို့လုံးသိကြ ပါတယ်။ ကောင်မလေလးရဲ့ မိဘတွေက ခုထိ မကျေနပ်နိုင်သေးပါဘူး။ ခုလည်း
လိုင်ဇာမှာ နောက်မိန်းမ တစ်ယောက်နဲ့ ကလေးတစ်ယောက်ရထားတယ်လို့ သိရပါတယ်။ ဂွမ်မော့်မိန်းမကတော့ တရုတ်ပြည်ရွှေလီ ထဲမှာနေပြီး လိုင်ဇာကို
၂ လမှ တစ်ခေါက်လောက် ပြန်လာပါတယ်။ ကျွန်တော်တို့တွေ လိုင်ဇာနေပေ မယ့် ကောင်မလေးချောချောလေးဆို
မကြိုက်ရဲပါဘူး ဗိုလ်ချုပ်ဂွမ်မော်နဲ့ လွတ်ရဲ့လားဆိုတာ အရင်စုံစမ်း ရပါတယ်။ သူနဲ့မလွတ်ရင်တော့
အဲလူကို သေမယ့်နေရာရှေ့တန်းကို ချက်ချင်း ပြောင်းခိုင်းပါတယ်။ KIO/KIA လူကြီးတွေရဲ့
အစည်းအဝေးတွေမှာဆိုရင် ဆလန်ကဘားတွေက ကျွန်တော်တို့ ကချင်ပြည် နယ်ကို အုပ်ချုပ်ပေးပါ့မယ်
ဗိုလ်ချုပ်ဂွမ်မော်ကတော့ စစ်ရေးနဲ့ မျိုးပွားရေးကို တာဝန်ယူပေါ့ လို့ နောက်ပြောင်ပြောဆိုမှုကို
မကြာခဏကြားရပါတယ်။ လိုင်ဇာမြို့ထဲမှာလည်း ဗိုလ်ချုပ်ဂွမ်မော်လာရင် မျိုးပွားရေးတာဝန်ခံကြီးလာပြီဆိုပြီး
နောက်ကွယ်မှာ ဟားတိုက်နေကြပါတယ်။
လက်ရှိအချိန်မှာတော့ ငြိမ်းချမ်းရေးကိုလိုလားတဲ့
KIO လူကြီးတွေနဲ့ KIA ဗိုလ်ချုပ်တွေကြား စိတ်သဘောထား ကွဲပြားနေကြပါတယ်။ ဒါပေမယ့်
KIA ဗိုလ်ချုပ်တွေကို မလွန်ဆန်နိုင်ပဲ အကျယ်ချုပ် ချထားသလို နေရတော့ ဘာမှ မတတ်နိုင်ကြပါဘူး။
KIA ဗိုလ်ချုပ်တွေကလည်း KIO လူကြီးတွေကို တဖြည်းဖြည်း အားနည်းလာအောင် အကွက်ကျကျ စီမံဆောင်ရွက်နေတာ
ဖြစ်ပါတယ်။ ခုအနေအထားအရ ကချင်တွေကြားထဲမှာ KIO လူကြီးတွေကို ကချင်ပြည်သူတွေကို ရိုသေလေးစားနေဆဲဖြစ်တာကြောင့်
ဖယ်ထုတ်လို့မရပဲ ရုပ်သေးရုပ်လို သဘောထားပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့
ကချင်စစ်သားတွေလည်း ငြိမ်းချမ်းရေးကို လိုချင်နေပါပြီ။ တိုက်ပွဲတွေကြားမှာ ဘယ်အချိန်သေမယ်မှန်း
မသိတဲ့ ဘ၀ကို မလိုချင်တော့ပါဘူး။ မိသားစုနဲ့ အေးအေးချမ်းချမ်းနေချင်ပါပြီဗျာ………..
No comments:
Post a Comment